Build Your Life & Career by Enhancing Your Knowledge and Skills.

How to buy a Computer Best Fit of Your Needs_အသင့်တော်ဆုံး၊ အကောင်းဆုံး ဖြစ်မယ့် ကွန်ပျူတာတစ်လုံးကို ဘယ်လိုဝယ်ကြမလဲ???

ကွန်ပျူတာဆိုတာကတော့ ဒီဘက်လိုခေတ်ထဲမှာတော့ အထူးအဆန်းလိုမျိုးမဟုတ်တော့ပဲနဲ့၊ နေ့စဉ်သုံး စက်ပစ္စည်းလိုပဲ ဖြစ်နေပါပြီ။ အဲ့ဒီတော့ လူတိုင်းနီးပါးမေးကြတဲ့ "ငါကွန်ပျူတာတစ်လုံးလောက် ဝယ်မလို့ အဆင်ပြေ သင့်တော်တာလေး ရှာရွေးပေးပါဦး" ဆိုတာပါပဲ။

အကောင်းဆုံးလဲ ဖြစ်ရမယ်...
စျေးလဲသင့်တင့်ရမယ်...
သုံးလို့လဲ အဆင်ပြေရမယ်... အဲ့ဒီလိုဖြစ်ဖို့ဆိုရင် ဘယ်လိုရွေးဝယ်ကြမလဲ...

ကွန်ပျူတာမဝယ်ခင် အရင်ဆုံး စဉ်းစားရမယ့် အချက်လေးတွေကို ဒီလို လိုက်စစ်ကြည့်လိုက်နော်...
၁ − Desktop Computer လား...Laptop Computer...
၂ − ကိုယ်ကရော ဘာတွေသုံးချင်တာလဲ (Applications)...
၃ − ငွေကိုရော ဘယ်လောက်သုံးချင်တာလဲ...
၄ − ဘယ်လို Brand ကို ကိုင်မှာလဲ...
၅ _ ဘယ်လောက်ကြာကြာ အသုံးပြုဖို့ ရည်မှန်းထားလဲ... အများကြီး တွေးရပါတယ်။

ခုလိုခေတ်ထဲမှာတော့ အနိမ့်ဆုံးအနေနဲ့တော့ ဖြစ်နိုင်မယ်ဆိုရင် Intel i-Series တွေလောက် အနည်းဆုံးနဲ့ RAM (Memory) ကိုတော့ 4G လောက်တော့ မှန်းထားသင့်ပါတယ်။
  • သာမန် စာစီ၊ စာရိုက်လောက်နဲ့ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်လောက်ပဲဆိုရင်တော့ Intel Celeron လောက်ကို RAM (Memory) 4G လောက်ဆို အဆင်ပြေပါတယ်။ ***ပျမ်းမျှ ၄ သိန်းဝန်းကျင်လောက်တော့ သုံးရပါလိမ့်မယ်။***
  • တကယ်လို့ ကိုယ်က Photoshop တွေသုံးမယ်၊ Video Editing တွေလုပ်မယ်၊ Game တွေပါ ဆော့ချင်လာမယ်လို့ တွေးထားရင်တော့ Graphic Card ကိုပါ ထည့်သွင်းစဉ်းစား သင့်ပါပြီ။ Harddisk ကတော့ ခုနောက်ပိုင်း 1T လောက်တော့ ထည့်နေကြတော့ အထူးပြောဖို့ မလိုအပ်ပေမယ့်၊ RAM (Memory) ကိုတော့ ပျမ်းမျှ 8GB လောက်တော့ စတင်ပြီး သုံးသင့်ပါပြီ။ ဈေးအနေနဲ့ဆို ***၆ သိန်းနဲ့ အထက်လောက်ကို မှန်းထားရပါမယ်။***
ရွေးချယ်ဝယ်ယူဖို့ အကြံဉာဏ်လေးတွေ လိုချင်တယ်ဆိုရင်လဲ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ ပြောပြပေးမှာမို့ Comment လေးတွေနဲ့ပဲဖြစ်ဖြစ်၊ Messenger လေးကနေပဲဖြစ်ဖြစ် ဆက်သွယ်လာမယ်ဆိုရင် အမြန်ဆုံးပဲ အကူအညီပေးသွားမှာမို့ လွတ်လွတ်လပ်လပ်နဲ့ မေးမြန်းလို့ ရတယ်နော်...

For More Information!

How to buy a Computer Best Fit of Your Needs_အသင့်တော်ဆုံး၊ အကောင်းဆုံး ဖြစ်မယ့် ကွန်ပျူတာတစ်လုံးကို ဘယ်လိုဝယ်ကြမလဲ??? How to buy a Computer Best Fit of Your Needs_အသင့်တော်ဆုံး၊ အကောင်းဆုံး ဖြစ်မယ့် ကွန်ပျူတာတစ်လုံးကို ဘယ်လိုဝယ်ကြမလဲ??? Reviewed by Kelvin on July 26, 2020 Rating: 5

No comments:

banner image
Powered by Blogger.